DREAM by Artist Pann Kyi's

ဒီတပတ်တော့ ကျွန်တော်တို့ The Collector Art Gallery မှာ ‘Different perspectives’ လို့ အမည်ပေးထားတဲ့ အဖွဲ့လိုက်ပန်းချီပြပွဲလေးကို ပြသမှာ ဖြစ်ပါတယ်။

ဒီပြပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ (၃) ရက်ကြာ ပြသမှာဖြစ်ပြီး တက်သစ်စ လူငယ်ပန်းချီဆရာ ၁၁ ယောက်ရဲ့ မတူညီတဲ့ ရေးဟန်တွေကို subject အစုံ၊ medium အစုံနဲ့ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

လူငယ်တွေရဲ့ အတွေးစိတ်ကူးနဲ့ ပန်းချီလက်ရာတွေကို ပန်းချီချစ်သူမိတ်ဆွေများ လာရောက်ကြည့်ရှုခံစားကြဖို့ ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ။

The Collector Art Gallery – အမှတ် (၂၈၇/၂၈၉)၊ – ပထမထပ် (ရိုးမဘဏ် အပေါ်ထပ်)၊ – ဗိုလ်အောင်ကျော်လမ်း(အလယ်)၊ – ဝန်ကြီးများရုံးရှေ့၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်း – ၀၉ ၉၅၁၀၅၈၅၅၄၊ ၀၉ ၇၈၉၃၀၀၃၀၁