"Drawing" Soe Naing Solo Art Exhibition

ဒီတပတ်မှာတော့ The Collector Art Gallery ရဲ့ ပန်းချီချစ်သူမိတ်ဆွေများကို Artist Soe Naing ရဲ့ နောက်ထပ်လက်ရာအသစ်တစ်မျိုးနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

၁၉၉၄ ခုနှစ်ကနေ ယနေ့အထိ အချိန်ရသမျှ Abstract အနုပညာ အသစ်တွေ မပြတ်တမ်း ဖန်တီးရေးဆွဲလာခဲ့တဲ့ ဆရာစိုးနိုင်က ဒီတခေါက်မှာလည်း သူရဲ့လက်ရာအသစ်တွေကို ပြပွဲအဖြစ် ပြသတော့မှာပါ။

ပြပွဲနာမည်ကိုတော့ Drawing လို့ အမည်ပေးထားပြီး ဩဂုတ်လ ၆ – ၈ ရက်နေ့ မနက် (၁၀) နာရီ မှ ညနေ (၅)နာရီအတွင်း ကျွန်တော်တို့ရဲ့ The Collector Art Gallery မှာ လာရောက်ကြည့်ရှုနိုင်ပါတယ်။

တပတ်နဲ့ တပတ် မတူညီတဲ့ လက်ရာအသစ် အသစ်တွေကို လာရောက်ကြည့်ရှုခံစားကြဖို့ ပန်းချီချစ်သူမိတ်ဆွေများကို ဖိတ်ကြား လိုက်ပါတယ်ခင်ဗျာ။

Address – အမှတ် (၂၈၇/၂၈၉)၊ ပထမထပ် (ရိုးမဘဏ် အပေါ်ထပ်)၊ဗိုလ်အောင်ကျော်လမ်း(အလယ်) ဝန်ကြီးများရုံးရှေ့၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

ဖုန်း – ၀၉ ၉၅၁၀၅၈၅၅၄၊ ၀၉ ၇၈၉၃၀၀၃၀၁