Building the Name Art Exhibition

ကျွန်တော်တို့ The Collector Art Gallery မှာ ဒီတပတ်တော့ တက်သစ်စ လူငယ်ပန်းချီဆရာ သားချောရဲ့ ပထဆုံးတစ်ကိုယ်တော်ပြပွဲကို ပြသဖို့ စီစဉ်ထားပါတယ်။
2018 ခုနှစ်မှ ပန်းချီစရေးဖြစ်ခဲ့ပြီး 2020 ခုနှစ်မှာတော့ ဆရာဝင်းဖေမြင့်ထံမှာ ပညာသင်ယူဖြစ်ခဲ့တာကြောင့် အလင်းတွေ၊ အရောင်တွေကို သိမြင်ခံစားမိတဲ့အတိုင်း ရေဆေးနဲ့ စတင်ရေးဆွဲတတ်လာခဲ့ပါတယ်။
Pastel နဲ့ Acrylic ကိုတော့ 2022 ခုနှစ်ရောက်မှ ပန်းချီညီအကိုတွေနဲ့အတူ လေ့ကျင့်သင်ယူရင်း ရေးဆွဲဖြစ်လာခဲ့ပါတယ်။
လေးနှစ်ဆက်တိုက် ကြိုးစားသင်ယူရင်း အဖွဲ့လိုက် ပန်းချီပြပွဲလေးတွေမှာ ပါဝင်ပြသခဲ့ရာကနေ အခုဆို ပထမဆုံးတစ်ကိုယ်တော်ပြပွဲကို ပြသဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ပြပွဲနာမည်ကိုတော့ Building the Name လို့ အမည်ပေးထားပြီး Medium အစုံ၊ Subject အစုံကို ကြည့်ရှုကြရမှာပါ။
စက်တင်ဘာလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့ထိ ၃ ရက်ကြာ ပြသသွားမှာဖြစ်ပြီး ချစ်စရာပန်းချီကား ဆိုဒ်လေးတွေကိုလည်း ထူးထူးခြားခြား ပြသသွားမှာ ဖြစ်တာကြောင့် ပန်းချီချစ်သူအနုပညာမိတ်ဆွေများ လာရောက်ကြည့်ရှု ခံစားနိုင်စေဖို့ ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ။
The Collector Art Gallery
အမှတ် (၂၈၇/၂၈၉)၊ ပထမထပ် (ရိုးမဘဏ် အပေါ်ထပ်)၊ဗိုလ်အောင်ကျော်လမ်း(အလယ်) ဝန်ကြီးများရုံးရှေ့၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်း – ၀၉ ၉၅၁၀၅၈၅၅၄၊ ၀၉ ၇၈၉၃၀၀၃၀၁