Amateur #3 Art Exhibition

ကျွန်တော်တို့ The Collector Art Gallery မှာ အခုတပတ် ထူးထူးခြားခြား ပန်းချီပြပွဲတစ်ပွဲကို ပြသဖို့ စီစဉ်ထားပါတယ်။

အောင်မြင်မှုကိုယ်စီနဲ့ အနပညာနယ်ပယ်တစ်ခုဆီမှာ ကျင်လည်နေရင်း ဝါသနာအရ ပန်းချီရေးဆွဲကြရာက ပန်းချီကားတွေ တဖြည်းဖြည်းစုမိလာတော့ ပြပွဲပြဖို့ ဖြစ်လာပါတော့တယ်။

ပြပွဲနာမည်ကို Amateur #3 လို့ အမည်ပေးထားပြီး ပြသမယ့် Artist တွေကတော့ ကိုဆန်းထွဋ်၊ ကိုအရိုး၊ ကိုဂျီလတ်တို့နဲ့အတူ Special Guest အဖြစ် ဦးညီထွဋ်(ကိုဇော်ဝင်းထွဋ်)က ပါဝင်ပြသသွားမှာပါ။

စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့ထိ ၃ ရက်ကြာ ပြသသွားမှာဖြစ်တာကြောင့် ပန်းချီချစ်သူ အနုပညာမိတ်ဆွေများ လာရောက်ကြည့်ရှု ခံစားနိုင်စေဖို့ ဖိတ်ကြားလိုက်ပါတယ်ခင်ဗျာ။

The Collector Art Gallery
အမှတ် (၂၈၇/၂၈၉)၊ ပထမထပ် (ရိုးမဘဏ် အပေါ်ထပ်)၊ဗိုလ်အောင်ကျော်လမ်း(အလယ်)၊ ဝန်ကြီးများရုံးရှေ့၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

ဖုန်း – ၀၉ ၉၅၁၀၅၈၅၅၄၊ ၀၉ ၇၈၉၃၀၀၃၀၁